အရေးပေါ်အခြေအနေတွင် Vitamin D3 သောက်သုံးရန်အကြံပြုချက်

ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ကူးစက်ခံရခြင်းမှာ နိုင်ငံတကာ အသီးသီးတွင် ဆက်လက်ကူးစက်ပြန့်ပွါးနေဆဲ ဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွါးမှုကိုတားဆီးရန် ကာကွယ်ဆေးများထုတ်လုပ် ထိုးနှံနေမှုများကိုလည်း အချို့နိုင်ငံကြီးများတွင် စတင်နေပြီဖြစ်ပါသည်။ သို့သော် ကမ္ဘာ့နေရာအသီးသီးတွင် ကာကွယ်ဆေးများကို လူတန်းစေ့ထိုးနှံနိုင်ရန် အတွက် အချိန်ကာလ တခုထိ စောင့်ရမည်ဖြစ်ပါသည်။ ယခု မျက်မှောက်အချိန်ကာလတွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ...