ငါးကြီးဆီ ကို ခေတ်အဆက်ဆက် ရှေးယခင် ၁၈ရာစု ဥရောပနိုင်ငံရှိ ဆရာဝန်များက စတင် သုံးစွဲလာကြသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ ရှေးယခင်အခါက သက်ကြီးရွယ်အို မိဘများကို အစားအစာ နှင့် ဆေးဝါးအနေဖြင့် တနေ့ တဇွန်း တိုက်ကျွေး ပြီး ကျန်းမာရေးကို စောင့်ရှောက်ခဲ့ကြသည်။
ခန္ဓာကိုယ်ရှိ ကလာပ်စည်း များကောင်းစွာ အလုပ်လုပ်နိုင်ရန် မရှိမဖြစ် လိုအပ်သော အဆီအက်စစ် ၂ မျိုးမှာ အိုမီဂါ ၃ (Omega 3) နှင့် အိုမီဂါ ၆ (Omega 6) တို့ဖြစ်ပါသည်။ ၎င်း ကို ခန္ဓာကိုယ် မှ မ ထုတ်လုပ်နိုင်ပါ။ အစားအစားများမှ သာရရှိနိုင်ပါသည်။ အိုမီဂါ ၃ နှင့် အိုမီဂါ ၆ တို့သည် အဆီကြိုက်သော ဦးနှောက် ၏ အစာဖြစ်သည့် အပြင် ခန္ဓာကိုယ်ရှိ ကလာပ်စည်း များ၏ လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အရေးပါလှသည်။ သက်ကြီးရွယ်အိုများ တွင် ဖြစ်ပွားလေ့ရှိသော သတိမေ့ခြင်းကို ကာကွယ်လို၍ လည်းကောင်း၊ ခလေးသူငယ် များ ၏ ဦးနှောက်ဖွင့်ဖြိုး တိုးတက်စေရန်၊ မျက်စိအားကောင်းစေရန် အတွက် လည်းကောင်း ဖြည့်စွက်ဆေး အနေဖြင့် သောက်သုံးလာကြပါသည်။
အိုမီဂါ ၆ သည် နေ့စဉ်စားသုံးနေသော အစေ့အဆံ၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားသီး၊ နေကြာဆီ၊ ပဲပိစပ်အဆီ၊မြေပဲဆီ အစရှိသည်တို့တွင် များစွာပါဝင်လှပါသည်။ အိုမီဂါ ၆ သည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော အဆီဖြစ်သော်လည်း များစွာမလိုအပ်၍ ခန္ဓာကိုယ်ထဲ တွင် ပိုလျှံနေပါက ယောင်ကိုင်းခြင်းကို ဖြစ် ပေါ်စေပါသည်။
အိုမီဂါ ၃ ကို အပင်မျိုးစိတ်ဖြစ်သည့် အစေ့မှထုတ်သော အဆီ နှမ်းကြတ်စေ့ဆီ၊ Chia seed, အစရှိသည် တို့မှသော်လည်းကောင်း၊ ငါးမျိုးစိတ်ဖြစ်သော ပင်လယ်ငါးများမှ သော်လည်းကောင်း ရရှိပါသည်။ (အပင်မျိုးစိတ်မှ ရသော အိုမီဂါ ၃ သည် အမှန်တကယ်လိုအပ်သော DHA ပမာဏ ကိုမပြောင်းနိုင်ပါ။ EPA ကို ၁၀% သာပြောင်းပေးနိုင်ပါသည်။)
ငါးကြီးဆီကပေးသော ကျန်းမာရေး အာနိသင်များ အနက် အိုမီဂါ၃ တွင်ပါဝင်သော EPA သည်ကိုယ်ခန္ဓာယောင်ကိုင်းခြင်းကိုလျော့ချပေး ပြီး DHA သည် ဦးနှောက်နှင့်မျက်စိဖွင့်ဖြိုးမှု တို့အတွက် များစွာ အကျိုးရှိစေသည်။
Cod Liver Oil ဟု ခေါ်သော ငါးကြီဆီတွင် ဗိုက်တာမင်အေ နှင့် မိုက်တာမင်ဒီ များ ပါဝင် ပါသည်။ ၎င်းကို ADD, ADHD, Autsim အစရှိသည့် စိတ်ရောဂါခံစားနေရသော ခလေးများ သောက်သုံးရန် သင့်ပါသည်။
ငါးကြီးဆီ ၏ များပြားလှသော ကောင်းကျိူး ကြောင့် ထုတ်လုပ်ရောင်းချသူများမှာ ပုံစံ အမျိုးမျိုး၊ ပါဝင်ပစ္စည်း အမျိုးမျိုး ဖြင့် တွင်ကျယ်စွာ ရောင်းချလာကြပါသည်။
ငါးကြီးဆီကို ရွေးချယ်ရာတွင် အဆီ ကြွယ်ဝသော ငါးများဖြစ်သည့် ဆော်လမွန်ငါး၊ ဆာဒင်း၊ ငါးကွန်းရှပ်၊ ထရောက်ငါးနှင့်၊ ပင်လယ်ငါးရှဉ့် အစရှိသည့် ပင်လယ်ငါး တို့မှ ထုတ်လုပ် ထားသော ငါးကြီးဆီ ဖြစ်ပါက ပိုမို ကောင်းမွန် ပါသည်။ ငါးကြီးဆီ ဝယ်ယူရာတွင် ခန္ဓာကိုယ်ကို ဥပဒ် ဖြစ်စေသည့် မာကျုရီ၊ ခဲ အစရှိသည့် ဒြပ်ပေါင်းစုများကို ဖယ်ထုတ်သန့်စင်ထားသည့် အမျိုးအစားကိုရွေးချယ်သင့်သည်။
ခလေးတယောက် အတွက် အိုမီဂါ ၃ ငါးကြီးဆီကို ရွေးချယ်ရာတွင် DHA 250 mg နှင့် EPA 200 mg မျှပါဝင်သောငါးကြီးဆီကို ရွေးချယ်ရန်လိုအပ်ပါသည်။
လူကြီးတယောက် အတွက် အိုမီဂါ ၃ ငါးကြီးဆီ တွင် DHA 500mg, EPA 400mg အနည်းဆုံးပါရှိ သည့် အမျိုးအစား ကို ရွေးချယ် သင့်ပါသည်။ လူကြီး တယောက် သည် အိုမီဂါ ၃ ကို တနေ့လျှင် 1000mg မှ 3000mg အထိ သောက်သုံး နိုင်ပါသည်။ (ကျန်းမာသော ခန္ဓာကိုယ်ထဲတွင် DHA ကို EPA မှ ပြုလုပ်နိုင်သည်။)
မှန်ကန်ပြည့်ဝသည့် ငါးကြီးဆီများကို သောက်သုံးပြီး ကျန်းမာသန်စွမ်းသော ရလာဒ် ကို ပိုင်ဆိုင်သူများ ဖြစ်စေရန်အတွက်ရည်ရွယ်၍ စျေးသည်မိမိ မှ စီကုံးရေးသား အကြံပြုပါသည်။
မှီငြမ်း- ဆရာမကြီး ဒေါက်တာ ခင်နွယ်ဝင်း ၏ To a Better Health Facebook page နှင့် Dr. Natasha Campbell-McBride MD(Gut and Psychology Syndrome)
Related Products
-5%Hot

Add to cart
Add to wishlist
Quick View
Compare
Kid’s Norwegian, The Very Finest Fish Oil, Natural Lemon Flavor, 800 mg, 6.7 fl oz (200 ml)
0
Ks35,000.00 Ks37,000.00
-10%Hot

Add to cart
Add to wishlist
Quick View
Compare
Baby’s DHA, Omega-3s with Vitamin D3, 1050 mg, 2 fl oz (59 ml)
0
Ks18,000.00 Ks20,000.00

Add to cart
Add to wishlist
Quick View
Compare
Rainforest Animalz, Calcium Magnesium & Vitamin D3, Natural Vanilla Frosting Flavor, 90 Animal-Shaped Chewables
0
Ks20,000.00

Add to cart
Add to wishlist
Quick View
Compare
Magnesium Glycinate 400, 400 mg, 90 Tablets
0
Ks19,000.00

Add to cart
Add to wishlist
Quick View
Compare
Animal Parade, MagKidz, Children’s Magnesium, Natural Cherry Flavor, 90 Animal-Shaped Tablets
0
Ks16,000.00
-5%

Add to cart
Add to wishlist
Quick View
Compare
Wild Caught, Super Omega-3 Gems, 1,200 mg, 100 + 30 Soft Gels
0
Ks35,000.00 Ks37,000.00
စျေးသည်မိမိ သည် ဆရာမကြီးဒေါ်ခင်နွယ်ဝင်း ၏ စာပေလေ့လာဖတ်ရှုသည့်အပြင် အခြားသော Functional Medicine doctor များ၏ စာပေများကိုလည်း အခါအခွင့်သင့်ပါက ဖတ်ရှုလေ့လာပြီး နေထိုင်စားသောက်ပုံ စနစ် ကိုဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲနေသူဖြစ်ပါသည်။ မိသားစု နှင့် အချို့သော ဆွေမျိုး၊ မိတ်ဆွေ များကို ဆရာမကြီး၏ ညွှန်ကြားချက်များ အတိုင်းပြုစုစောင့်ရှောက် နေသူလည်းဖြစ်ပါသည်။ ဒေါက်တာမိမိ များအတွက် စျေးသည်မိမိ ဖြစ်ပါသည်။
ဤဆောင်းပါးနှင့်ပတ်သက်၍ သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် (၀၉) ၇ ၈၆၅၄ ၆၆၅၄ [+9597 8654 6654] သို့ Viber မှဖြစ်စေ၊ WhatsApp မှဖြစ်စေ၊ Facebook messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။