ခလေးများနှင့် multivitamin

မိဘအများစုသည် ခလေးများ ၏ အစားအသောက်ရွေးချယ်မှု၊ မကြာခဏ နာမကျန်းဖြစ်မှု အစရှိသော အကြောင်း များကြောင့် Multivitamin (ဗီတာမင် အစုံပါသော အားဆေး) ဟုခေါ်သော အားဆေးကို ရွေးချယ်လာကြပါသည်။

Multivitamin ၏ အားသာချက်များမှာ –

  • တမျိုးတည်းအစုံ သောက်ရ၍ ငွေကုန်ကြေးကျသက်သာခြင်း
  • တိုက်ကျွေးရန် လွယ်ကူခြင်း
  • တမျိုးတည်း အစုံသောက်ခြင်းဖြင့် လုံလောက်ပြီဟု ယူဆခြင်း
  • ကြော်ငြာအားကောင်းခြင်း

တို့ကြောင့်ဖြစ်သည်။

Multivitamin ၏ အားနည်းချက်မှာ ဗီတာမင် အစုံကို တမျိုးတည်းသောက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်၍ ခလေး အသက်အရွယ် အလိုက် မတူညီသော ဗီတာမင် ပမာဏ များပါဝင်မှု မရှိခြင်းဖြစ်သည်။

ဗီတာမင် အစုံကို ခလေး အသက်အရွယ် အလိုက် လိုအပ်သည့်ပမာဏ များဖြင့်ထုတ်လုပ်နိုင်ပါက ကျသင့်မည့် ငွေကြေး မှာလည်း အလွန်ပင်များပြားပါသည်။ လိုအပ်သည့် ဗီတာမင် တမျိုးစီ ကို သောက်သုံးခြင်းထက်ပင် ပိုနိုင်ပါသည်။

ခလေးများအတွက် ကိုယ်ခံအားကောင်းစေရန် အဓိကကျသည့် ဗီတာမင်များမှာ –

  • Vitamin D3
  • Vitamin C
  • Fish Oil
  • Probiotics

တို့ဖြစ်ပါသည်။ လိုအပ်ပါက Zinc, Magnesium တို့ကိုသောက်နိုင်ပါသည်။

သဘာဝ နည်းဖြင့် ၎င်း ဗီီတာမင်များ ကို ရရှိစေရန် Vitamin D3 ကို အပြင်ထွက် နေရောင်ခံခြင်းမှ ရရှိစေခြင်း၊ Vitamin C ကို Vitamin C ကြွယ်ဝသော အစားအစာများကျွေးခြင်းဖြင့်ရရှိစေခြင်း၊ အရိုးပါစားနိုင်သော ငါးများ အပြင် အဆီများသော ငါးများကို ကျွေးခြင်းဖြင့် ငါးကြီးဆီကိုရရှိစေခြင်း၊ Probiotics ကို ဒိန်ချဉ်၊ ကီဖာ၊ လက်လုပ်ချဉ် များကျွေးခြင်းဖြင့် ရရှိစေခြင်းအစရှိသဖြင့် ဗီတာမင်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

သတိပြုရမည့် အချက်များမှာ သဘာဝ နည်းဖြင့်ဗီတာမင် များဖြည့်ဆည်းပေးရန် အတွက် အသီးအရွက်များသည် လတ်ဆတ်ရမည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားခြင်းမရှိသော (Non-GMO)၊ ပိုးသတ်ဆေး အသုံးပြုထားခြင်းမရှိသော (Organic) များကိုသာရွေးချယ်ရမည်။ မြက်စားနွား၏ နို့မှ ရသော နွားနို့ဖြင့်ဖောက်ထားသောဒိန်ချဉ်၊ Organic sugar များဖြင့်သာ ဖောက်ထားသောကီဖာ များကို သာ တိုက်ကျွေးရမည်။ အရေးအကြီးဆုံး မှာ ခလေးများ ကို ငါးများ ကျွေးလိုပါက မွေးမြူရေးငါးများမဖြစ်ရပါ။

အထက်ပါသတိပြုရမည့် အချက်များကြောင့် ဗီတာမင် တမျိုးချင်းစီ ကို လိုအပ်သည့် ပမာဏ အတိုင်း တိုက်ကျွေးခြင်းသည် Multivitamin ထက် ပိုမိုထိရောက်သော အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။ ခလေးများကျန်းမာသန်းစွမ်း၍ ဘေးထွက်ဆိုးကျိုးနည်းသော ဆေးများသောက်သုံးရခြင်း ၏ ကုန်ကျစရိတ်များသည်လည်း သက်သာလာပါမည်။

ဗီီတာမင် တမျိုးချင်းစီ၏ ပါဝင်ပစ္စည်းများကို အထက်ဖော်ပြပါ သဘာဝနည်းဖြင့် ရွေးချယ်ထုတ်လုပ်ထားသည့် ဆေးများဖြစ်ရန် အရေးကြီးပါသည်။ ခလေးများနှင့်ဖြည့်စွက်ဆေး အကြောင်းဖတ်ရှုလိုပါက ဤနေရာသို့နှိပ်၍ ဖတ်ရှုနိုင်ပါသည်။

administrator

all author posts

1 Comment

  • စျေးသည်မိမိ သည် ဆရာမကြီးဒေါ်ခင်နွယ်ဝင်း ၏ စာပေလေ့လာဖတ်ရှုသည့်အပြင် အခြားသော Functional Medicine doctor များ၏ စာပေများကိုလည်း အခါအခွင့်သင့်ပါက ဖတ်ရှုလေ့လာပြီး နေထိုင်စားသောက်ပုံ စနစ် ကိုဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲနေသူဖြစ်ပါသည်။ မိသားစု နှင့် အချို့သော ဆွေမျိုး၊ မိတ်ဆွေ များကို ဆရာမကြီး၏ ညွှန်ကြားချက်များ အတိုင်းပြုစုစောင့်ရှောက် နေသူလည်းဖြစ်ပါသည်။ ဒေါက်တာမိမိ များအတွက် စျေးသည်မိမိ ဖြစ်ပါသည်။

    ဤဆောင်းပါးနှင့်ပတ်သက်၍ သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် (၀၉) ၇ ၈၆၅၄ ၆၆၅၄ [+9597 8654 6654] သို့ Viber မှဖြစ်စေ၊ WhatsApp မှဖြစ်စေ၊ Facebook messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments are closed.