အရေးပေါ်အခြေအနေတွင် Vitamin D3 သောက်သုံးရန်အကြံပြုချက်

ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ကူးစက်ခံရခြင်းမှာ နိုင်ငံတကာ အသီးသီးတွင် ဆက်လက်ကူးစက်ပြန့်ပွါးနေဆဲ ဖြစ်ပါသည်။ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွါးမှုကိုတားဆီးရန် ကာကွယ်ဆေးများထုတ်လုပ် ထိုးနှံနေမှုများကိုလည်း အချို့နိုင်ငံကြီးများတွင် စတင်နေပြီဖြစ်ပါသည်။ သို့သော် ကမ္ဘာ့နေရာအသီးသီးတွင် ကာကွယ်ဆေးများကို လူတန်းစေ့ထိုးနှံနိုင်ရန် အတွက် အချိန်ကာလ တခုထိ စောင့်ရမည်ဖြစ်ပါသည်။ ယခု မျက်မှောက်အချိန်ကာလတွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ရန် အကောင်းဆုံးမှာ လက်ဆေးခြင်း ၊ မျက်နှာဖုံးတပ်ခြင်း ၊ ၆ပေ အကွာတွင်နေခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ အပြင် ဗိုင်းရပ်စ်ပိုးကို ခုခံတိုက်ခိုက်နိုင်ရန် လက်နက်ကောင်းဖြစ်သော ကိုယ်ခံအား မြှင့်တင်ထားခြင်းမှာလည်း အလွန်အရေးကြီးပါသည်။ ခန္ဓာကိုယ်ခုခံအား ကောင်းပြီး ဗိုင်းရပ်စ်ပိုး ကိုတိုက်ထုတ်နိုင်ရန်၊ အရေးပေါ် အခြေအနေ မဖြစ်ပေါ် စေရန် Vitamin D3 နှင့်အတူ အခြားဖြည့်စွက်စာများ သောက်ထားခြင်းဖြင့် ကိုယ်ခံအားကိုမြှင့်တင်ရန် လိုအပ်ပါသည်။
အထူးသဖြင့် Vitamin D3 တခါမျှ မသောက်ဘူးသူများ၊ နာတာရှည်ရောဂါသည်များ၊ ဗိုင်းရပ်ပိုးကြောင့် ဖျားခြင်း၊  အနံ့မရခြင်း၊ ချောင်းဆိုး အသက်ရှူကြပ်ခြင်း ဖြစ်နေသူများ အတွက် ကိုယ်ခံအားနည်းခြင်းသည် အရေးပေါ် အခြေအနေဖြစ်လာနိုင်ပါသည်။
သွေးတွင်းရှိ Vitamin D ပမာဏ သည် သောက်သုံးသည့်ဆေးပြင်းအားပမာဏ ပေါ်မူတည်ပြီး ကွဲပြားသွားသည်။ နာတာရှည်ရောဂါသည် အများစု ၏ Vitamin D သွေးအဖြေ ပမာဏမှာ အလွန်နည်းနေတတ်ပါသည်။ ဥပမာ မိမိ Vitamin D ၏ သွေးအဖြေ မှာ 10ng/mL ဖြစ်နေပါက တနေ့ 1000IU သောက်လျှင် ၆လ အကြာမှသာ 15 ng /mL သို့ရောက်ရှိပါမည်။ တနေ့ 2000IU သောက်ပါက ၆လ အကြာ မှသာ 20ng/mL ကျော်ကျော် ရောက်ရှိပါမည်။(Vitamin D WiKi မှမှီငြမ်းဖော်ပြသည်။) နောက်ဆုံးပြုစုထားသော သုတေသန စာတမ်းများ တွင် သွေးထဲ၌ ခုခံနိုင်သော ကိုယ်ခံအား အတော်အသင့်ရှိရန် လိုအပ်သော ပမာဏ မှာ 30 ng/ mL ဖြစ်သည် ဟု ဖော်ပြထားပါသည်။ Vitamin D အကြောင်း ပြုစုထားသော စာတမ်းများအရ အရေးပေါ် အသက်ကယ်ရန် အခြေအနေ တွင် လိုအပ်သော Vitamin D ပမာဏ ကို အချိန်တို အတွင်းရရှိရန် ဆေးပြင်းအား ပမာဏ များများကို ရက်တိုအတွင်း ပေးနိုင်မည်ဆိုလျှင် သွေးထဲရှိ (Vitamin D) ခုခံနိုင်သော ကိုယ်ခံအား ပမာဏ သည် မြန်ဆန်စွာ ရရှိသွားမည်ဖြစ်ပြီး ဘေးဥပါဒ်လဲမရှိဟု ဖော်ပြထားပါသည်။ (Vitamin D) ခုခံနိုင်သော ကိုယ်ခံအားပမာဏ များများရရှိစေလိုပါက ခံတွင်းသို့ တိုက်ရိုက်ထည့်ပေးခြင်းသည် ပိုမိုထိရောက်ပါသည်။ ခံတွင်းမှ စုတ်ယူခြင်းသည် အူမှစုတ်ယူခြင်းထက် ၃ဆ မြန်ပါသည်။ Vitamin D3 ပုံမှန်သောက်နေသူများ သတိပြုရန်မှာ ဆေးပြင်းအား ပမာဏ အများကြီးကို အရေးပေါ်အခြေအနေမှလွဲ၍ ထပ်မံသောက်ရန် မလိုအပ်ပါ။ ပုံမှန် သောက်ရန် သာလိုပါသည်။
ပုံမှန်သောက်ရန် လိုအပ်သည့်ပမာဏမှာ 5000IU (၅ထောင်) ဖြစ်ပြီး အရေးပေါ်အခြေအနေ ဖြစ်လာပါက ရောဂါပြင်းထန်မှု အပေါ်မူတည်၍ ပြင်းအားပမာဏများများကို Vitamin C၊ Zinc၊ Probiotics တို့နှင့်တွဲသောက်ရန်လိုပါသည်။ ၅ရက် အကြာ ပမာဏ များများ သောက်ပြီးနောက် ဖြည့်စွက်ဆေးများကို ပုံမုန် အတိုင်း ဆက်သောက်သွားရန်လိုပါသည်။
Vitamin D3 ကို ဆေးလုံးပုံစံ(Tablet, Capsule, Softgel)၊ အရည်ပုံစံ(Liquid)၊ အစက်ချပုံစံ(drop) များဖြင့် ထုတ်လုပ်ထားပါသည်။ ယင်းဆေးပုံစံမျိုးစုံကို ကျွန်မတို့ရဲ့ UKN Marketplace တွင် တနေရာတည်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Vitamin D3 အစက်ချပုံစံ (drop) သည် ခုခံနိုင်သော ကိုယ်ခံအား ပမာဏ မြန်မြန်တက်စေလိုသော အချိန်၊ ဆေးလုံးများ(Tablet, Capsule, Softgel) သောက်ရန် ခက်ခဲနေချိန်၊ ခလေးငယ်များ ကို လိုအပ်သောပမဏ တိုက်ကျွေးလိုသော အချိန် တွင် သောက်နိုင်ပါသည်။ UKN marketplace တွင်ရရှိနိုင်သော  Vitamin D3 ပုံစံမျိုးစုံများ မှ Vitamin D3 အစက်ချပုံစံ(drop) 400iu, 1000iu, 2000iu, 5000iu များဖြင့် မိတ်ဆက်ပေးချင်ပါသည်။ ပစ္စည်းပါဝင်မှု အသေးစိတ်ကို ဤနေရာ တွင်ကြည့်ရှုနိုင်ပါသည်။ ပုလင်း တလုံးစီ၏ ပါဝင်မှု အစက် အရေအတွက်မှာ ၉၀၀ မှ ၁၀၀၀ ကျော် အထိပါရှိ၍ ရက်ပေါင်း ၉၀၀ သို့မဟုတ် ၁၀၀၀ ကျော် အထိ သောက်သုံးနိုင်ပါသည်။ သက်တမ်းကုန်ဆုံးရက် ၂၀၂၂၊ ၂၀၂၃၊၂၀၂၄ Vitamin D3 drop များသည် အဆီပုံစံဖြင့်ထုတ်လုပ်ထားသောကြောင့် ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန်လိုပါသည်။ ဝယ်ယူမှာကြားလိုပါက ၀၉ ၈၈၅၁၁၂၅၆၁ သို့မဟုတ် UKN Marketplace Facebook page မှတဆင့် ဆက်သွယ်မှာကြားနိုင်ပါသည်။ Made in USA ပစ္စည်း ဖြစ်ကြောင်း အာမခံ ပါသည်။ အဖိုးနှုန်းချိုသာစွာဖြင့် ရောင်းချပေးပါသည်။ UKN Marketplace သည် ဖြည့်စွက်ဆေးများ၏ ပါဝင်ပစ္စည်းများအား သေချာစိစစ် ရွေးချယ်ပြီးမှသာ တင်သွင်းပါသည်။ မှတ်ချက်။ Vitamin D3 ဖြည့်စွက်ဆေးသည် COVID-19 ကာကွယ်ဆေးမဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးကို ခုခံတိုက်ခိုက်ကာကွယ်နိုင်ရန် ကိုယ်ခံအားမြှင့်တင် ထောက်ပံ့ပေးသော ဖြည့်စွက်ဆေးသာဖြစ်ပါသည်။ မှီငြမ်း – To a better heath
Tags: D3Vitamin

administrator

all author posts

1 Comment

  • စျေးသည်မိမိ သည် ဆရာမကြီးဒေါ်ခင်နွယ်ဝင်း ၏ စာပေလေ့လာဖတ်ရှုသည့်အပြင် အခြားသော Functional Medicine doctor များ၏ စာပေများကိုလည်း အခါအခွင့်သင့်ပါက ဖတ်ရှုလေ့လာပြီး နေထိုင်စားသောက်ပုံ စနစ် ကိုဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲနေသူဖြစ်ပါသည်။ မိသားစု နှင့် အချို့သော ဆွေမျိုး၊ မိတ်ဆွေ များကို ဆရာမကြီး၏ ညွှန်ကြားချက်များ အတိုင်းပြုစုစောင့်ရှောက် နေသူလည်းဖြစ်ပါသည်။ ဒေါက်တာမိမိ များအတွက် စျေးသည်မိမိ ဖြစ်ပါသည်။

    ဤဆောင်းပါးနှင့်ပတ်သက်၍ သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် (၀၉) ၇ ၈၆၅၄ ၆၆၅၄ [+9597 8654 6654] သို့ Viber မှဖြစ်စေ၊ WhatsApp မှဖြစ်စေ၊ Facebook messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments are closed.