ကလေးများအတွက် ဗီတာမင်လမ်းညွှန်

ယခုမျက်မှောက်ခေတ်ကာလတွင် ခေတ်မှီတိုးတက်လာသော နည်းပညာများနှင့်အတူ ပြောင်းလဲလာသော လူနေမှုစံနစ်၊ အစားအသောက်များကို တာရှည်ခံစေရန်ပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဒဏ်ခံနိုင်ရန် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲ၍ စိုက်ပျိုးသော စိုက်ပျိုးမှုစံနစ်၊ ပြောင်းလဲလာသော သဘာဝ ပတ်ဝန်းကျင် စသည့်အကျိုးဆက်များကြောင့် လူသားများ နာတာရှည်ရောဂါ ဖြစ်ပွါးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာပါသည်။

ပိုးမျိုးစုံဖြင့် ခြံရံနေထိုင်နေရသော ပတ်ဝန်းကျင်တွင် မွေးဖွားလာရသည့် ခလေးများ၏ ကျန်းမာသန်စွမ်းရေး နှင့် ရောဂါဘယကင်း‌ဝေးရေးမှာ အရေးကြီးသော ကဏ္ဍတရပ်ဖြစ်ပါသည်။ မွေးဖွားလာသည့် အချိန်မှစ၍ ပညာသင်ကြားရာ ခရီးတလျောက်တွင် ကျန်းမာသန်စွမ်းစွာနေထိုင်နိုင်ရေးသည် အဓိကဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးနည်းစွာ ကိုယ်ခံအားမြှင့်တင်ခြင်းဖြင့် ရောဂါပိုးများကို အောင်မြင်စွာခုခံ တိုက်ခိုက်နိုင်ရေးမှာ မိဘတိုင်း၏ ဆန္ဒတရပ်ပင်ဖြစ်သည်။

ခလေးများ ကိုယ်ခံအားရှိသင့်သလောက် မရှိချိန်၊ ရောဂါပိုးကို ခုခံတိုက်ခိုက်ရန် အားနည်းနေချိန် တွင် မကြာခဏ ဖျားနာခြင်းများ ဖြစ်တတ်ပါသည်။
နေရောင်ခြည်ကောင်းစွာရရှိသော ပတ်ဝန်းကျင်တွင် ပြေးလွှားဆော့ကစား ရသည့် အချိန် နည်းခြင်း၊ အသင့်စား အစားအစာများကို မကြာခဏ စားသုံးခြင်း များသည် ကိုယ်ခံအားကိုကျစေသောအကြောင်းရပ်များ ဖြစ်သည်။

ခလေးများ သာမာန်ဖျားနာနေချိန်တွင် ဓာတ်ဆားရေ၊ အုန်းရည် နှင့် အရိုးပြုတ်ရေ ပမာဏ များများ တိုက်ကျွေးခြင်းနှင့် အတူ ဖြည့်စွက်ဆေး များတိုက်ကျွေးပါက ဘေးထွက်ဆိုးကျိုးနည်းစွာဖြင့် ပြန်လည်ကောင်းမွန်လာပါလိမ့်မည်။

ကိုယ်ခန္ဓာ ၏ ခုခံအားကို ဖြည့်တင်းပေးရန် လုံလောက်သော ဗိုက်တာမင်၊ သတ္တုဓာတ်၊ သက်စောင့်ဓာတ်များနှင့် အာဟာရများစွာ လိုအပ်လှပါသည်။ ဘေးထွက်ဆိုးကျိုးနည်းစွာဖြင့် ကိုယ်ခံအားမြှင့်တင်နိုင်သော ဖြည့်စွက်ဆေးများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

Vitamin D3
ကိုယ်ခံအားတက်စေရန် နေပူခံခြင်းဖြင့် Vitamin D3 ကို ပမာဏ တခုထိ ရရှိစေရန် လိုအပ်ပါသည်။ နေပူခံခြင်းနှင့် အရေပြားကင်ဆာများ၏ ဆက်စပ်မှုများမြင့်တက်လာခြင်း၊ အစားအသောက် များမှ Vitamin D ရရှိနိုင်မှုု နည်းပါးလာခြင်းကြောင့် Vitamin D3 ကို ဖြည့်စွက်ဆေး အနေဖြင့် သောက်သုံးရန် လိုအပ်ပါသည်။ ခလေးများအတွက် ဖြည့်စွက်ဆေး များရွေးချယ်ရာတွင် အစက်ချပုံစံ ဆေးရည်များသည် အသင့်လျော်ံဆုံးဖြစ်ပါသည်။ သို့သော်အဆီဖြင့်ပြုလုပ်ထားသည့် ဆေးရည်များသည် အချိန်တို အတွင်း ဆီချီးစော်နံသဖြင့် ရေခဲသေတ္တာထဲ သိမ်းဆည်းရန် လိုအပ်ပါသည်။ ဆီချီးစော်နံလာပါက မသုံးသင့်ပါ။
Vitamin D councils ၏ အကြံပေးချက်အရ Vitamin D3 သောက်နေသော နို့တိုက်မိခင် ၏ တနှစ်အောက် နို့စို့ခလေး ကို Vitamin D3 တိုက်ကျွေးရန်မလိုပါ။ တိုက်လိုပါက
– ၆လ အထက် 400iu
– ၁နှစ် – ၁၀နှစ် 1000iu (ကိုယ်အလေးချိန် ၂၅ပေါင် လျှင် 1000iu စီတိုးပါ။) ဥပမာ ခလေး သည် ပေါင် ၅၀ ရှိပါက 2000iu တိုက်ရန်လိုအပ်ပါသည်။
(၁၀နှစ်အထက်ကို 5000iu လူကြီးနှုန်း တိုက်ကျွေးနိုင်ပါသည်။)

Vitamin C
ကိုယ်ခံအားမြှင့်တင်ရန်၊ အနာများကျက်စေရန်၊ အရိုးများသန်မာစေရန် အတွက် Vitamin C ကို သောက်သုံးသင့်ပါသည်။ ဆေးလိပ်ငွေ့များ ရှုရှိုက်ရခြင်း၊ မကောင်းသော အနံ့များကို လေထုမှ နေ့စဉ် ထိတွေ့ရှုရှိုက် နေရခြင်းသည် Vitamin C များစွာလျော့ကျခြင်းကို ဖြစ်ပေါ်စေပါသည်။ Vitamin C လျော့နည်းနေပါက အနာကျက်နှေးခြင်း၊ အဆစ်မြစ်ကိုက်ခဲခြင်း၊ သွားဖုံးသွေးယိုခြင်းများဖြစ်စေပါသည်။
အသက် အရွယ်အလိုက် Vitamin C ကို
– ၆လ မှ စ၍ 65mg
– ၁နှစ် မှ ၄နှစ် 125mg၊
– ၄နှစ် မှ ၁၀နှစ် 250mg တိုက်ကျွေးနိုင်ပါသည်။

Probiotics
အစာအိမ်အူလမ်းကြောင်းများ၏ ကျန်းမာရေးမှာ အရေးကြီးလှပါသည်။ အူလမ်းကြောင်းသည် ကိုယ်ခန္ဓာ ၏ ဦးနှောက်ကဲ့သို့ပင် အရေးကြီး၍ ဒုတိယ ဦးနှောက်ဟုပင် တင်စားခေါ်ဆိုကြပါသည်။ ခုခံအားစနစ် အတွက် မရှိမဖြစ် ဖြည့်စွက်ဆေးမှာ အကျိုးပြုပိုး ဟုခေါ်သော Probiotics များဖြစ်ပါသည်။
အကျိုးပြုပိုးများ လိုအပ်သည့်ပမာဏမှာ အသက်အရွယ် အလိုက်
– ၁နှစ် ထိ 1-2 billions
– ၁နှစ် မှ၂နှစ် 2-4 billions
– ၂နှစ် မှ ၄နှစ် 4-8 billions
– ၄နှစ် မှ ၁၀နှစ် 8-12 billions
– ၁၂နှစ် မှ ၁၆နှစ် 12-15 billion အထိ တိုက်ကျွေးသင့်ပါသည်။

ငါးကြီးဆီ
ဥာဏ်ကောင်း၊ ထူးချွန်ထက်မြက် သောခလေးများဖြစ်စေရန်၊ မျက်စိအားကောင်းစေရန် သောက်သုံးသင့်ပါသည်။ ခလေးများအတွက် အသင့်ထုတ်ထားသော ငါးကြီးဆီ များကို ဗူးပါအညွှန်းအတိုင်း တိုက်နိုင်ပါသည်။ အနည်းဆုံး EPA 200mg , DHA 250mg နှင့် အိုမီဂါ ၃ ပါဝင်မှု နှုန်းများသည့် ငါးကြီးဆီများဖြစ်ရပါမည်။ Cod liver oil တွင် ဗိုက်တာမင် A, D များပါဝင်ခြင်းကြောင့် ADHD, Autism နှင့် မွေးရာပါ ပုံမှန်မဟုတ်သော ခလေးများအတွက် သင့်တော်ပါသည်။

Magnesium
ခုခံအားမြှင့်တင်ရန် အရေးကြီးသော သတ္တုဓာတ် ဖြစ်ပါသည်။နှလုံး၏ လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးခြင်း၊ အရိုးများသန်မာစေရန် အတွက် လိုအပ်ပါသည်။ခလေးများ အသက်အရွယ် အလိုက် လိုအပ်သည့်ပမာဏမှာ-
– ၁နှစ် မှ ၃နှစ် 80mg
– ၄နှစ် မှ ၈နှစ် 130mg
– ၉နှစ် မှ ၁၃နှစ် 240mg

ကိုယ်ဝန်ဆောင် မိခင်လောင်းများ ကိုယ်ဝန်ဆိပ်တက်ခြင်းမှ ကာကွယ်ရန်၊ ကြွက်တက်ခြင်းမှ ကာကွယ်ရန် အတွက် သောက်သုံးသင့်ပါသည်။ Magnesium Glycinate or Magnesium Malate or Magnesium Citrate ကို 400mg-600mg ထိ သောက်သုံးသင့်ပါသည်။

ဖြည့်စွက်ဆေးများသည် ရောဂါပျောက်ကင်းစေရန် ကုသသည့်ဆေးမဟုတ်ပါ။ ဖြစ်ပေါ်လာသည့်ရောဂါများကြောင့် ခံစားနေရသောဝေဒနာများမှ သက်သာစေရန်၊ လျော့ကျသွားသော လိုအပ်သည့် ဗိုက်တာမင် နှင့်သတ္တုဓာတ်များကို ဖြည့်ဆည်းပေးရန်သာဖြစ်ပါသည်။ ဖြည့်စွက်ဆေး များသောက်ထားခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများသော ဆေးဝါး များ၏ဒဏ်ကို ပြင်းထန်စွာမခံစားရ၍ အရေးပေါ် အခြေအနေဖြစ်ပေါ်ခြင်းကို တားဆီးနိုင်ပါသည်။ ရောဂါပြင်းထန်ပါက သက်ဆိုင်ရာ ဆရာဝန် ၏ ကုသအကြံပေးချက်ကို လိုက်နာရန်လိုအပ်ပါသည်။

မှတ်ချက် –
အဆီပုံစံ၊ အရည် ပုံစံများဖြင့်ပြုလုပ်ထားသော ဆေးများကို ရေခဲသေတ္တာထဲတွင် ထည့်ထားရန် လိုပါသည်။

ခလေးများအတွက် ဆေးများရွေးချယ်ရာတွင် သကြားပါဝင်မှု အနည်းဆုံးဖြစ်သော၊ ဥပဒ်ပေးသည့် သကြားများထည့်သွင်းထားခြင်း မရှိသော ဆေးများကို သေချာစီစစ် ရွေးချယ်ရန်လိုအပ်ပါသည်။

စျေးည်မိမိ မှ စီကုံးရေးသားအကြံပြုခြင်းဖြစ်ပါသည်။

administrator

all author posts

1 Comment

  • စျေးသည်မိမိ သည် ဆရာမကြီးဒေါ်ခင်နွယ်ဝင်း ၏ စာပေလေ့လာဖတ်ရှုသည့်အပြင် အခြားသော Functional Medicine doctor များ၏ စာပေများကိုလည်း အခါအခွင့်သင့်ပါက ဖတ်ရှုလေ့လာပြီး နေထိုင်စားသောက်ပုံ စနစ် ကိုဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲနေသူဖြစ်ပါသည်။ မိသားစု နှင့် အချို့သော ဆွေမျိုး၊ မိတ်ဆွေ များကို ဆရာမကြီး၏ ညွှန်ကြားချက်များ အတိုင်းပြုစုစောင့်ရှောက် နေသူလည်းဖြစ်ပါသည်။ ဒေါက်တာမိမိ များအတွက် စျေးသည်မိမိ ဖြစ်ပါသည်။

    ဤဆောင်းပါးနှင့်ပတ်သက်၍ သိရှိမေးမြန်းလိုပါက ဖုန်းနံပါတ် (၀၉) ၇ ၈၆၅၄ ၆၆၅၄ [+9597 8654 6654] သို့ Viber မှဖြစ်စေ၊ WhatsApp မှဖြစ်စေ၊ Facebook messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

Comments are closed.